တီးတိန်မှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံး

2022.10.12
တီးတိန်မှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က မီးလောင်ပျက်စီးသွားသည့် မြို့နယ် လဝကရုံးကို တွေ့ရစဉ်။
Photo: Citizen Journalist

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှာ အောက်တိုဘာ ၁၁ ရက် မနေ့ည ၉ နာရီလောက် က မြို့နယ် လဝကရုံး၊ လဝကရုံး၀န်ထမ်းအိမ်ရာနဲ့ သမဝါယမရုံး မီးလောင်ခဲ့ပြီးနောက် အထက (၁) ကျောင်းထဲမှာရှိတဲ့ စစ်ကောင်စီ တပ်သားတွေက လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက မနက် ၂ နာရီအထိ မြို့ထဲဘက် ကို ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် တီးတိန်မြို့နဲ့ သုံးမိုင်ခန့်ဝေးတဲ့ လိုင်လိုးရွာက နေအိမ် တစ်အိမ်ကို လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး အိပ်နေတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ် ကလေးလေးဦး မိခင် ဒေါ်ဗုန်( Nu Vung) ဖြစ်ပြီး ဦးခေါင်းကို လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လက်နက်ကြီးကျည်ကတော့ ဦးခေါင်းကိုထိတယ်။ အိပ်ရာပေါ်မှာ အိပ်နေတဲ့အချိန်ပေါ့။ အိမ်ကတော့ နည်းနည်း ပျက်သွားတယ်"

မီးလောင်သွားတဲ့ တီးတိန်မြို့ လဝကရုံးကိုတော့ အောက်တိုဘာ ၁၂ ရက်နေ့ ဒီမနက်ပိုင်း စစ်ကောင်စီ တပ်သားတွေ လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့ လဝကရုံး၊ ၀န်ထမ်းအိမ်ရာနဲ့ သမဝါယမရုံးကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့ က မီးရှို့သွားတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

တီးတိန်ဒေသကာကွယ်ရေးအဖွဲ့ (PDF ZOLAND) ကတော့ ဒီမီးလောင်မှုကို သူတို့ လုပ်တာ မဟုတ်ဘဲ ဒေသခံပြည်သူတွေကို စိုးရိမ်ထိတ်လန့်အောင်လုပ်နေတဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေး မှုတွေ လုပ်နေတယ်လို့ အောက်တိုဘာလ ၁၂ ရက် ဒီမနက်မှာ သတင်းထုတ်ပြန်ထားပါ တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိ သေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးသူ ဒေသခံစုစုပေါင်း ရှစ်ဦးခန့်ရှိနေပြီလို့ ချင်းလူ့အခွင့် အရေးအဖွဲ့  (CHRO) က ပြောပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။