မြန်မာ့အရေး စောင့်ကြည့်ကူညီသွားမယ်လို့ ပီတလင်ဂျာရွန်ရက်ပြော

မြန်မာ့နိုင်ငံရေးကို အနီးကပ်စောင့်ကြည့်လေ့လာနေပြီး ပြည်သူလူထုရဲ့ အကျပ်အတည်းဒုက္ခတွေကို ကူညီပေးသွားမယ်လို့ ထိုင်း Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန်ရက်က သူ့ရဲ့ တွစ်တာစာမျက်နှာကတစ်ဆင့် ပြောကြားလိုက်ပါတယ်။

Move Forward ပါတီက ဦးဆောင်ပြီး "မြန်မာအာဏာသိမ်းသုံးနှစ်အကြာ" ခေါင်းစဉ်နဲ့ ထိုင်းလွှတ်တော်မှာ ဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက် အခုလိုပြောလာတာဖြစ်ပါတယ်။

ထိုင်းလွှတ်တော်ကပေးအပ်ထားတဲ့ အခွင့်အာဏာအတွင်းကနေ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စောင့်ကြည့်ပြီး အာဆီယံနိုင်ငံတွေအပါအဝင် တခြားသက်ဆိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပီတလင်ဂျာရွန်ရက်ကဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ထိုင်းရဲ့အမျိုးသားအကျိုးစီးပွားနဲ့လည်း ညီညွတ်ဆီလျော်နေတဲ့အတွက် မြန်မာ့အရေးနဲ့စပ်လျဉ်းတဲ့ မူဝါဒတွေကို ထိန်းညှိပံ့ပိုးပေးသွားမယ်လို့လည်း ဆိုပါတယ်။

Move Forward ပါတီက ဦးဆောင်ပြီး နှစ်ရက်တာကျင်းပခဲ့တဲ့ အစည်းအဝေးမှာ မြန်မာနဲ့ထိုင်းက နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးလေ့လာသူပညာရှင်တွေ တက်ရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေးအခြေအနေ၊ ဒုက္ခသည်နဲ့ လူသားချင်းစာနာထောက်ထားမှုကူညီရေးတွေ ဆွေးနွေးခဲ့ကြပါတယ်။