လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ပိတ်ဖို့ စစ်အစိုးရညွှန်ကြား

2021.02.12
လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ပိတ်ဖို့ စစ်အစိုးရညွှန်ကြား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသောမတ် အင်ဒရူး Thomas Andrews။
Photo: RFA

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသောမတ် အင်ဒရူး Thomas Andrews ကို ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက် လက်မှတ်ရေးထိုးထားတဲ့ စာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး၊ အဲဒီစာမှဦ မစ္စတာ အန်ဒရူးစ်ကို ဘယ်ဗီဇာအမျိုးအစားကိုမှ ထုတ်မပေးဖို့ ညွှန်ကြားထားတာကို တွေ့ရပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ ဒီစာကို အတည်ပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို RFA က ဒီကနေ့ ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

မစ္စတာသောမတ် အင်ဒရူးဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ဆွေးနွေးပြောကြားခဲ့ပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်အပေါ်  စီးပွားရေး ပိတ်ဆို့မှုသာမက လက်နက်ရောင်းချမှုတွေပါ ပိတ်ပင်ဖို့၊ နိုင်ငံတကာအနေနဲ့ တရားဥပဒေေတွေအရ အရေးယူဖို့၊  အရပ်သားအစိုးရကို အမြန်ဆုံး အာဏာပြန်လွှဲပေးပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေ စစ်တန်းလျားကို အမြန်ဆုံးပြန်သွားဖို့ မစ္စတာသောမတ် အင်ဒရူးက ပြောဆိုသွားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မင်းထွန်း
2021-02-12 10:57

ညဖက်အဖမ်းခံရသူအမည်စာရင်းများကိုစုစည်းဖော်ပြပေးစေချင်ပါတယ်

အမည်မဖော်လိုသူ မြန်မာပြည်သူတစ်ဦး။
2021-02-13 01:27

မြန်မာစစ်တပ်အနေနှင့် ၎င်းတို့ဘက်က လုပ်ဆောင်ချက် မှန်ကန်မှုရှိတယ်/ ပြည်သူအပေါ် မတရားညှင်းပန်းနေတာ မရှိဘူးဆိုပါက လူ့အခွင့်အရေး ကိုယ်စားလှယ် လာမည်ကို တားဆီးရန်မလိုပါ။ ၎င်းတို့ လုပ်ရပ်က ၎င်းတို့ မှန်ကန်မှု ရှိမရှိ ပြနေပါသည်။