တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နယ်မြေထဲမှာ စစ်ကောင်စီအတွက် အတင်းအဓမ္မ တပ်သားစုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူသွားမယ်လို့ TNLA က မတ်လ ၁၉ ရက် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ ကျောက်မဲ၊နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့တွေမှာ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက်ပြီး တပ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေက TNLA ထံတိုင်ကြားလာတယ်လို့ ဆိုပါတယ်။
ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ သတ်မှတ် တပ်သားသစ်ဦးရေကောက်ခံပြီးတဲ့နောက် စစ်တပ်ဆီပို့ပေးနေရပြီး၊ နေရာတချို့မှာ စလုပ်နေပြီဖြစ်တာကြောင့် ပြည်သူလူထုလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ TNLA က ပြောပါတယ်။
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ကစတဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီဒေသတွေမှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်သွားမယ်လို့ TNLA က ပြောထားပါတယ်။