နိုင်ငံတော်စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိဖို့လို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအဝင် သဘာ၀ အရင်းအမြစ် သယံဇာတနဲ့ ပတ်သက်တဲ့ နိုင်ငံတော် စီမံကိန်းတွေ အကောင်အထည်ဖေါ်ရာမှာ ထင်သာမြင်သာရှိမှှု အရေးကြီးကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နယူးရောက်တိုင်းမ်စ် သတင်းစာနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

2012.10.01
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်မြို့ မြန်မာအသိုင်းအဝိုင်းတို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က Queens College တွင် တွေ့ဆုံနေကြစဉ်။
AFP

မြန်မာ့နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး နယူးရောက်တိုင်းမ်စ် သတင်းစာ နဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ပြီး သတင်းစာက မနေ့က ထုတ်ပြန်လိုက်တာပါ။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဝက်မှေးရွာနားက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအဝင် သဘာ၀ သယံဇာတတွေ တူးဖေါ်ထုတ်လုပ်နေတဲ့ နိုင်ငံတော် စီမံကိန်းတွေမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် အချိန်နှောင်းမှ ဒေသခံ ပြည်သူတွေ သိရှိရတာကြောင့် ပြဿနာတွေ ဖြစ်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါကြောင့် စီမံကိန်းတွေ အကောင်အထည်ဖေါ်တော့မယ် ဆိုရင် ပွင့်လင်းမြင်သာမှု ရှိဖို့ဟာ အဓိက ကျကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။
ပွင့်လင်းမြင်သာမှုဟာ နိုင်ငံရေးမှာ တင်မကဘဲ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ အကောင်အထည် ဖေါ်မှုတွေမှာပါ သဟဇာတဖြစ်မှုကို တွန်းအားဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။