၂ဝ၂ဝ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ အခုဆိုရင် နှစ်နှစ် တင်းတင်း ပြည့်သွားခဲ့ပါပြီ။

0074.JPG
FILE PHOTO: Myanmar State Counsellor Aung San Suu Kyi arrives for an early vote ahead of November 8th general election in Naypyitaw, Myanmar ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲအတွင်း နေပြည်တော်တွင် ဆန္ဒမဲပေးနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (Photo: AFP) (Thar Byaw/REUTERS)

"ပြည်သူ့ဆန္ဒနဲ့အညီ ထုတ်ဖော်လာတဲ့ ရလဒ်ကို လက်ခံရမှာပဲ။ ဒါကတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး လက်ခံရမှာပဲ" လို့ ၂၀၂၀ ရွေးကောက်ပွဲ မဲထည့်တဲ့နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

001.jpg
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲအတွင်း နေပြည်တော်တွင် ဆန္ဒမဲပေးခဲ့အပြီးတွေ့ရစဉ်။ (Photo: AFP) (THET AUNG/AFP)

ဒီလိုပြောပြီး သုံးလနီးပါးအကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ "ရွေး‌ကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်" ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံအာဏာကို သိမ်းယူထားတာ အခုဆိုရင် ရက်ပေါင်း ၆၄၆ ရက်တိတိ ရှိသွားပါပြီ။

004.JPG
People wearing protective masks line up to cast their ballots for the general election at a polling station in Yangon ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့ရှိ မဲရုံတစ်ခုရှေ့တွင် ဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်းနေကြသူများ။ (Photo: AFP) (SHWE PAW MYA TIN/REUTERS)

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၂၄ဝဝ ကျော်သေဆုံးခဲ့ရပြီး လူပေါင်း ၁၆ဝဝဝ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

002 (2).JPG
Electoral workers start to count votes inside a polling station during the general election in Naypyitaw ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း နေပြည်တော်တွင် ကြိုတင်ဆန္ဒမဲလက်မှတ် ရလဒ်များအား ရေတွက်နေစဉ်။ (Photo: Reuters) (Thar Byaw/REUTERS)

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ တစ်နိုင်ငံလုံး အတိုင်းအတာ ၈၀ ရာခိုင်နှုန်းကျော်နဲ့ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မဲဆန္ဒနယ် စုစုပေါင်း ၁၁၁၇ နယ် ရှိတဲ့ အထဲမှာ NLD ပါတီက ၉၂၀ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

003.jpg
၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း နေပြည်တော်တွင် ဆန္ဒမဲရလဒ်များ ရေတွက်နေစဉ်။ (Photo: Reuters) (THET AUNG/AFP)

တရားမျှတတဲ့ ရွေးကောက်ပွဲလို့လည်း နိုင်ငံတကာက သတ်မှတ်ခဲ့တာပါ။ ဒီရလဒ်ကို လက်မခံဘဲ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ကတော့ ၂ဝ၂၃ ခုနှစ်ထဲမှာ ရွေးကောက်ပွဲပြန်ကျင်းပဖို့ လုပ်နေပါတယ်။

စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ အမေရိကန် အပါအဝင် နိုင်ငံတကာက ပြောထားပါတယ်။

006 (2).JPG
A woman wearing a face mask carries her child while cast her ballots for the general election at a polling station in Yangon, Myanmar ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနေသူတစ်ဦးအား တွေ့ရစဉ်။(Photo: AFP) (SHWE PAW MYA TIN/REUTERS)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပျက်ပျက် အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်လို့ အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ပြောဆိုထားပါတယ်။

005 (2).jpg
၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံရှေ့တွင် ဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်းနေကြသူများ (Photo: AFP) (SAI AUNG MAIN/AFP)

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲမှာလည်း အပြောင်းအလဲတွေ ရှိနေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံ လူရင်းတွေ ပါဝင်လာပါတယ်။

008.JPG
Supporters of the National League for Democracy (NLD) party wait for results outside the party headquarters, after the general election in Yangon ရန်ကုန်မြို့ရှိ NLD ဗဟိုရုံးချုပ်ရှေ့တွင် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်သည့်အထိမ်းအမှတ် အောင်ပွဲခံနေသည့် မြင်ကွင်းတစ်ခု။ (Photo: Reuters) (SHWE PAW MYA TIN/REUTERS)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူပြန်ကျင်းပမယ့် ရွေးကောက်ပွဲကနေ သမ္မတအဖြစ် ရွေးကောက်ခံရဖို့ ကြိုးစားနေတယ်လို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲပုံရိပ်တချို့ကို RFA က စုစည်းပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။