ဒီဆွေးနွေးမှုဟာ တံခါးပိတ် အစည်းအဝေးဖြစ်တဲ့အတွက် နှစ်ဘက်ဆွေးနွေးချက်ကို တရားဝင်ထုတ်ပြန်ဖို့ မရှိဘူးလို့ ခရီးစဉ်မှာလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အခုတစ်ခေါက် ဆွေးနွေးမှုက ဒုတိယမြောက် ဖြစ်ပါတယ်။
ပထမအကြိမ် တွေ့ဆုံဆွေးနွေးတုန်းကတော့ အစိုးရနဲ့ အတိုက်အခံပါတီကြီးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် နားလည်မှုရခဲ့ပြီး၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဖြစ်လာခဲ့သလို နိုင်ငံရေးအကျဉ်းသား အတော်များများ လွှတ်ပေးတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ကိုနေရိန်ကျော်က ဦးခွန်သာမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
0:00 / 0:00