NLD ကို အစိုးရသတိပေးချက် အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်တို့ တုံ့ပြန်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရပ်တည်မှုနဲ့ ပတ်သက်လို့ မြန်မာ အစိုးရက သတိပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးကို အကောင်အထည်ဖေါ်ဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

2011.06.30

ဇွန်လဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ မြန်မာ့ အရေး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မိတ်ဆွေနိုင်ငံများ အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ချက် အတိုင်း ဆက်လက ်ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အတွင်းရေးမှုးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဖာရင်ဟတ်က အာအက်ဖ်အေကို ပြောပါတယ်။

ဒီလ အစပိုင်းမှာ မြန်မာအစိုးရကို တိုက်တွန်းထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ဖို့ အစိုးရသစ် အနေနဲ့ လိုအပ်နေတယ် ဆိုတဲ့ အချက်ပေါ်မှာ ကုလသမဂ္ဂက ထပ်ပြီး အလေးထား ပြောလိုပါတယ်လို့ သူက ပြောသွားပါတယ်။

အလားတူပဲ မြန်မာ အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့နဲ့ နိုင်ငံရေး အရ လှုပ်ရှားခွင့်ပြုဖို့ အမေရိကန် အစိုးရက တိုက်တွန်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mark Toner ကလည်း ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-01 08:31

Daw Aung san suu kyi should be request to American or UN security for her trips because new goverment is planing to kill her.100% sure,Please American or UN help her as soon as possible......please.....please....please