သံတမန် လေးစားသမှု အဖြစ် မြန်မာလို့ ခေါ်ဝေါ်

2014-01-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အမေရိကန်အစိုးရက မြန်မာနိုင်ငံရဲ့ ၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ နိုင်ငံရဲ့အမည်ကို Burma အစား Myanmar လို့ သုံးနှုန်းလိုက်တာဟာ သံတမန်ယဉ်ကျေးမှုအရ လေးစားသမှုပြုတဲ့အနေနဲ့ သုံးစွဲခဲ့ခြင်းမျှဖြစ်ပြီး မိမိတို့ အစိုးရရဲ့မူဝါဒ တစုံတရာပြောင်းလဲသွားတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌါနက မနေ့က ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး Marie Harf က တချို့အကြောင်းကိစ္စတွေမှာ သံတမန်ရေးအရ လေးစားသမှုအဖြစ် မြန်မာလို့ မိမိတို့သုံးနှုန်းပါတယ်လို့ သတင်းထောက်တစ်ဦးရဲ့မေးခွန်းကို တနင်္လာနေ့က ဖြေကြားခဲ့တာဖြစ်ပါတယ်။

အရင်နှစ်က ပေးပို့တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ အမေရိကန် နိုင်ငံရေးခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က Burma လို့သုံးစွဲခဲ့ပြီး၊ အခုနှစ် နိုင်ငံရေးခြားရေးဝန်ကြီး မစ္စတာ ဂျွန် ကယ်ရီ ပေးပို့တဲ့သဝဏ်လွှာမှာတော့ Myanmar လို့ သုံးစွဲခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

mr fair

အမေရိကန် အစိုးရက ကျွန်တော်တို့ အစိုးရ အကြိုက် တော်တော်ကို အလိုလိုက် လုပ်ပေးနေတာပဲ။ burmaခေါ်ခေါ် myanmar ခေါ်ခေါ် ပြည်သူတွေ စားရေးသောက်ရေး ပြေလည်ဘိုပ အရေးကြီးပါတယ်

Jan 08, 2014 01:41 PM

ဆိုက်တခုလုံးသို့