အမေရိကန်က မြန်မာ့ကျောက်မျက် တင်ပို့မှု ပိတ်ဆို့ထားတဲ့ဥပဒေကို သက်တမ်းထပ်တိုး


2013-08-08
Share

မြန်မာနိုင်ငံက ကျောက်မျက်ရတနာ တင်ပို့ရောင်းဝယ်မှု ပိတ်ဆို့ထားတဲ့ဥပဒေကို အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က သက်တမ်းတိုးလိုက်ပါတယ်။

မြန်မာနိုင်ငံထွက် ကျောက်စိမ်းနဲ့ ပတ္တမြား အရောင်းအဝယ်မလုပ်ဖို့ ၂ဝဝ၈ ခုနှစ်က ချမှတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို နှောက်ယှက်တဲ့၊ လူ့အခွင့်အရေးချိုးဖေါက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ လုပ်ရပ်တွေကို ဆက်လက် တားဆီးကန့်သတ်သွားမှာဖြစ်ပါတယ်၊ သမ္မတ အိုဘားမား ကလည်း မြန်မာပြည်သူတွေအတွက် တိုက်ရိုက် အကျိုးဖြစ်ထွန်းမယ့် ပြုပြင်ပြောင်းလဲမှုတွေကို အားပေးသွားမှာဖြစ်သလို၊ တာဝန်ယူမှုရှိတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးတက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး Ben Rhodes က ပြောပါတယ်။

သမ္မတ အိုဘားမားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူထားတာတွေ ကို ကျောက်မျက်အရောင်းအဝယ်ကလွဲပြီး ဆိုင်းငံ့ခဲ့ပါတယ်။ ကမ္ဘာ့ပတ္တမြားအထွက် ၉ဝ ရာနှုန်းနဲ့ ကျောက်စိမ်း အများစုဟာ မြန်မာနိုင်ငံက ထွက်ရှိပါတယ်။ ဒါပေမဲ့ ကျောက်မျက်အရောင်းအဝယ်တွေမှာ စစ်တပ်ပါဝင်ပတ်သက်မှု ရှိတယ်လို့ အမေရိကန်ကွန်ဂရက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့