မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ဖို့ ကန်သမ္မတထံစာပို့

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ဖို့ ကမ္ဘာတစ်ဝန်းက မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့ပေါင်း ၁၇၅ ဖွဲ့ စုပေါင်းထားတဲ့ မြန်မာ့ဒီမိုကရေစီမဟာမိတ်အဖွဲ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အောက်တိုဘာလ ၃၁ ရက်နေ့စွဲနဲ့ စာရေးတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီး ကတည်းက၊ ပြည်သူ ၂၃၀ ဝကျော် သေဆုံးခဲ့ကြပြီး၊ အကြမ်းဖက်မှုတွေ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်သလို ပြည်သူတွေဟာ စစ်တပ်ရဲ့ ဖိနှိပ်ခြိမ်းခြောက်မှုတွေကို ဆက်လက်ခံစားနေကြရဆဲဖြစ်တဲ့အတွက် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအရေး ကြားဝင်ကူညီဆောင်ရွက်ပေးဖို့ကလွဲလို့ တခြားရွေးချယ်စရာမရှိတော့ကြောင်းလည်း ပေးစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့၊ စစ်တပ်အတွက် ငွေကြေးနဲ့ လက်နက်ပစ္စည်းတွေ ကန့်သတ်နိုင်ရေးဆောင်ရွက်ဖို့၊ ခရိုနီတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် လက်နက်နဲ့လေယာဉ်ဆီတွေရောင်းချမှုကို ပိတ်ဆို့ဖို့၊ စစ်တပ်ရဲ့လတ်တလောအကြမ်းဖက်ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့ မြန်မာ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ရဲ့ အမေရိကန်သမ္မတထံ ပေးစာထဲမှာ တောင်းဆိုထားပါတယ်။