VOM သတင်းဌာန အယ်ဒီတာချုပ်နဲ့ သတင်းထောက်တို့ကို အွန်လိုင်းကနေ ရုံးထုတ်

2021-05-24
Share
VOM သတင်းဌာန အယ်ဒီတာချုပ်နဲ့ သတင်းထောက်တို့ကို အွန်လိုင်းကနေ ရုံးထုတ် Voice of Myanmar သတင်းဌာန တည်ထောင်သူ ကိုနေမျိုးလင်း ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ရဲက ၂၀၂၀ မတ် ၃၁ ရက်နေ့က ဖမ်းဆီးခဲ့စဉ်
Photo: RFA

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက တရားစွဲခံထားရတဲ့ မန္တလေးမြို့ အခြေစိုက် Voice of Myanmar (VOM) သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင် တို့ကို မေလ ၂၄ ရက် ဒီကနေ့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ အွန်လိုင်းကနေ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“ဒီကနေ့ရုံးထုတ်မို့ဆိုပြီးသွားတယ်။ အွန်လိုင်းကနေ ရုံးထုတ်သွားတယ်။ မတွေ့လိုက်ရပါဘူး၊ တရားရုံးကို မေးကြည့်တော့လည်း ဘာမှမသိရဘူး” လို့ ကိုနေမျိုးလင်းရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

နောက်တစ်ပတ်ရုံးချိန်းကိုတော့ ဇွန်လ ၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၇ ရက်နေ့က ကိုနေမျိုးလင်းတို့ကို စစ်ကောင်စီက မေးမြန်းစရာရှိတဲ့အတွက် လာရောက်ဖို့ ဖိတ်ခေါ်ခဲ့လို့ ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင် တို့ သွားရောက်ခဲ့ရာကနေ ပြန်ရောက်မလာ တော့ဘဲ အခုလို တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့