မွတ်စလင်တွေအရေး ဦးစားပေးဆောင်ရွက်ဖို့ အစိုးရသစ်ကို မစ္စ ယန်ဟီးလီ တိုက်တွန်း


2016.07.01
yangheelee-press-620.jpg ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ မြန်မာပြည်ခရီးစဉ် သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပနေစဉ်
Photo: Myo Zaw Ko/ RFA

မြန်မာအစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေနဲ့ အခြား မွတ်စလင်လူမျိုးတွေကို အလွန်အကျွံ ခွဲခြားဆက်ဆံနေတာတွေကို အဆုံးသတ်ရေး အတွက် အလျင်အမြန် ဦးစားပေး လုပ်ဆောင်သင့်ပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာပြီးနောက် ပထမဆုံးလာရောက်တဲ့ သူ့ရဲ့ ၁၂ ရက်တာ ခရီးစဉ်အပြီး ရန်ကုန်မြို့မှာ မနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီက အခုလို ပြောကြားခဲ့တာပါ။

"မိမိရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ခရီးစဉ်အတွင်း မွတ်စလင်တွေဒုက္ခသည် စခန်းတွေဟာ ထူးခြားပြောင်းလဲ လာတာ မရှိဘဲ လူတွေပြွတ်ကျပ်နေ တဲ့အပြင် ပျက်စီးယိုယွင်းနေပြီး  ညစ်ပတ်ဆိုးဝါးနေတာ တွေ့ခဲ့ရပါ တယ်"

ဒီရိုဟင်ဂျာနဲ့ ကမန် မွတ်စလင်အသိုင်းအဝိုင်းရဲ့ လွတ်လပ်ခွင့်ကို ဆက်ပြီး ထိန်းချုပ်နေမယ်ဆိုရင် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းညှိဖို့ အင်မတန် ခက်ခဲမှာဖြစ်ကြောင်းလည်း မစ္စယန်ဟီးလီက ပြောပါ တယ်။

မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံကို ဇွန်လ ၁၉ ရက်နေ့က နေ ဇူလိုင် ၁ ရက်နေ့အထိ သီတင်း နှစ်ပတ်နီးပါး လာရောက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဒီခရီးစဉ်က ရရှိခဲ့တဲ့အချက်အလက်တွေကို အခြေခံပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသွား မှာလည်း ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲက မစ္စယန်ဟီးလီရဲ့ ပြောကြားချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက  ကောက်နှုတ်တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။