ရန်ကုန် စည်ပင် သာယာ ရွေးကောက်ပွဲ ဝေဖန်ခံရ

2014-12-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ သတင်းမီဒီယာတွေ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ သတင်းမီဒီယာတွေ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Nay Myo TUN/ RFA

နှစ်ပေါင်း ၆၅ နှစ် ကျော်ကြာ မကျင်းပခဲ့တဲ့ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက် ပွဲဟာ ချို့ယွင်းချက်တွေရှိနေပြီး၊ တရားမျှတမှု မရှိနိုင် ဘူးလို့ လေ့လာသူတွေက ဝေဖန် နေကြကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မ တီ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေတွေဟာ ကန့်သတ်ချက်တွေများလွန်းပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မညီပဲ ဒီမိုကရေစီမဆန် လွတ်လပ် မျှတမှုမရှိဘူးလို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာ သူ Susanne Kempel က ပြောဆိုကြောင်း AFP ကဆိုပါတယ်။

မဲပေးရာမှာ တစ်အိမ်ထောင် လူတစ်ယောက်သာ မဲပေးခွင့်ရှိတဲ့အတွက် ရန်ကုန်မြို့တော် လူဦးရေ ၅ သန်းထဲက လူ ၄ သိန်းသာမဲပေးခွင့်ရမှာဖြစ်ပါတယ်။ အရွေးခံမယ့် ကိုယ်စားလှယ်တွေရဲ့ အသက်ကို ကန့်သတ်ထားပြီး နိုင်ငံရေးပါတီဝင်လည်း မဖြစ်ရပါဘူး၊ ပြီးတော့ စည်းမျဉ်းတွေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ရွေးကောက်ခံရသူတွေထက် တိုက်ရိုက် ခန့်ထားသူတွေက အရေအတွက် ပိုများနေတယ်လို့လည်းဆိုပါတယ်။

ဒီ ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းချိုက စည်းမျဉ်းတွေ တရားမျှတမှုမရှိပေမဲ့၊ သူ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ ဝင်မပြိုင်ရင် ပြည်သူတွေ အတွက် ဘာမှလုပ်ပေးနိုင်မှာမဟုတ်ကြောင်း AFP ကို ပြောဆိုပါတယ်။ ရန်ကုန်စည်ပင်သာယာ ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့ မဲအများဆုံးရသူ နိုင်မှာဖြစ်တဲ့အတွက် တရားမျှတမှုမရှိဘူးလို့ မပြောနိုင်ကြောင်း ပြောဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကို စနေနေ့မှာ ကျင်းပမှာဖြစ်ပေမဲ့၊ ရန်ကုန် လူထုအနေနဲ့ စိတ်ဝင်စားမှု နည်းပါးနေတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကဲခတ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီရွေးကောက်ပွဲ ရဲ့ မမျှတမှုတွေဟာ လာမယ့်နှစ် နိုင် ငံရေး ရွေးကောက်ပွဲအပေါ် ကူးစက်မှုတွေရှိလာမှာ စိုးရိမ်နေကြတယ်လို့ AFP သတင်းကဖော်ပြပါတယ်။

ကွန်မင့်များ (2)
Share

(

Always treating the public in such tricky ways ! shameful !

Jan 02, 2015 06:45 PM

တွေးကြည့်ပါ

နေရပ်- ပြေးကြည့်စရာ မလိုပါဘူး

စစ်အစိုးရအဆက်ဆက် ထွန်းကားခဲ့တဲ့ “မိုးကျရွှေကိုယ်စနစ်” ဆက်လက်ရှင်သန်နေဆဲပေါ့။ ဒါမှ စည်ပင်က လုပ်ချင်တာ လုပ်နိုင်မယ်။ (ဥပမာ - ရန်ကုန်မြို့သစ်စီမံကိန်းကို စိန့်တိုင်းသား မင်းညီနောင်လက်ထဲ ၀ ကွက်လိုက်တာမျိုးးပေါ့။)

Dec 26, 2014 02:02 AM

ဆိုက်တခုလုံးသို့