ထိုင်းမှာ မြန်မာကလေးတွေ ပညာသင်ကြားရေး ခွဲခြားခံနေရ

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာလျော့သွားလို့ ကျောင်းတွေပြန်ဖွင့်ခွင့်ပေးနေပေမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေအတွက် ဖွင့်ထားတဲ့ကျောင်းတွေတော့ ဖွင့်ခွင့်မရလို့ မြန်မာနိုင်ငံသား ကလေးပေါင်း သောင်းနဲ့ချီပြီး ပညာရေးနစ်နာနေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် မဟယ်လင်လုဆိုင်းက ချင်းမိုင်မြို့က သတင်းပေးပို့ထားတာ ကြည့်ရှုနားဆင် နိုင်ပါပြီ။