စာသင်ကျောင်းပစ်ခတ်ခံရတဲ့ လက်ယက်ကုန်းရွာကသံဃာတွေ အဓမ္မသင်္ဃန်းချွတ်ခံရ

2022.09.24
စာသင်ကျောင်းပစ်ခတ်ခံရတဲ့ လက်ယက်ကုန်းရွာကသံဃာတွေ အဓမ္မသင်္ဃန်းချွတ်ခံရ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာအား စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
photo: ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်း ဝင်းထဲမှာရှိတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အဲဒီကျောင်းမှာ စာသင်နေကြတဲ့ ကလေးငယ် ခုနစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ရပါတယ်။ လက်ယက်ကုန်းရွာမှာ အဲဒီနေ့က ဘာတွေ ဖြစ်ခဲ့ပါသလဲ... အဲဒီ ဘုန်းကြီးကျောင်းဝင်းထဲက သံဃာတွေနဲ့ ကိုရင်တွေကို စစ်ကောင်စီ တပ်သားတွေက ဆဲရေးတိုင်းထွာပြီး လူဝတ်လဲခိုင်းခဲ့ပါတယ်။

သေဆုံးကလေးတွေရဲ့ ရုပ်အလောင်းတွေကိုလည်း အရိုးပြာမှုန်ပဲပြန်ပေးပြီး အဲဒီ ပြာမှုန်ရဖို့ အတွက် ခံဝန်ကတိ ထိုးနေရတယ်လို့ မိဘတွေက ပြောပါတယ်။

ဒီအကြောင်း မခင်မိုးညို တင်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။