နိုဘယ်မြန်မာ စာပေပွဲတော် ဒုတိယနေ့အကြောင်း တင်ပြချက်
2015.01.18
နိုဘယ်ဆုရစာရေးဆရာတွေရဲ့ မူရင်းစာပေလက်ရာတွေနဲ့ နိုင်ငံတကာစာပေတွေအကြောင်း ဆွေးနွေးကြ တဲ့ နိုဘယ်မြန်မာစာပေပွဲတော် ဒုတိယနေ့ ဒီနေ့မှာ "ငြိမ်းချမ်းရေးနဲ့ စာပေ"၊ "စာပေနဲ့ နိုင်ငံရေး" ခေါင်းစဉ်တွေ ကို ဆွေးနွေးကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။
ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ နိုဘယ်မြန်မာစာပေပွဲတော်မှာ နိုဘယ်ဆုရှင်တွေရဲ့ မူရင်းစာပေလက်ရာတွေကို ခင်းကျင်းပြသထားသလို နိုဘယ်ဆုရှင်တွေရဲ့ ဓာတ်ပုံတွေကိုလည်း ပြသထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက စာပေပပညာရှင်တွေနဲ့ ကာတွန်းပညာရှင်တွေရဲ့ လက်ရာတွေကိုလည်း ပြသထားပါတယ်။ အဲဒီစာပေပွဲတော်မှာ ကဗျာ ၊ ဆောင်းပါး ၊ ဝတ္ထုတို ၊ အက်ဆေး ၊ ခေတ်ပြိုင်စာရေးဆရာတွေရဲ့ လက်ရာတွေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ စာပေယဉ်ကျေးမှုတွေအကြောင်း စာရေးသူ စာဖတ်သူတွေနဲ့ ဆွေးနွေးမှုတွေကိုလည်း ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။
နိုဘယ်မြန်မာစာပေပွဲတော်မှာ စာပေဆိုင်ရာ အကြောင်းအရာတွေအတွက် ဆွေးနွေးခဲ့သလို စာပေဟောပြောပွဲတွေ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီစာပေပွဲတော်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီးတို့က "ငြိမ်းချမ်းရေးနဲ့ စာပေ" ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးမှာ စာပေနဲ့ ကြိုးစားဆောင်ရွက်နိုင်မယ့်အကြောင်းတွေကို ဟောပြော ခဲ့တာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်က မြန်မာနိုင်ငံမှာ စစ်ကြောင့်ကြောက်လန့်နေရတဲ့ လူ့အဖဲ့ွအစည်းတွေရှိနေသေးတယ် လို့ ထောက်ပြဟောပြောခဲ့ပါတယ်။
ကိုမင်းကိုနိုင်။ ။နှစ်ဘက်သေနတ်တွေ၊ အမြောက်တွေနဲ့ မိုင်းတွေနဲ့ တိုက်နေတဲ့ပွဲတွေရှိပေမယ့် ငြိမ်းချမ်းနေ လားလို့ထပ်မေးရင် ကျနော်တို့ ဒီနေ့လူ့အဖွဲ့အစည်းမှာ ခြိမ်းခြောက်ခံနေရတဲ့ အကြောင်းအရာတစ်ခုကို ကျော်လွှား သွားလို့မရပါဘူး၊ အဲ့ဒါဘာလဲဆိုတော့ နှစ်ဘက်စစ်ခေါင်းဆောင်တွေနဲ့တိုက်တဲ့ မြင်ရဖြစ်နေရတဲ့ကိစ္စ ကျီးလန့်စာစာ သံသယတွေနဲ့ နောက်ကျောကိုအမြဲတမ်းကြည့်နေရတဲ့ အဖွဲ့အစည်းဆိုလည်း မမှားပါဘူး။
နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို မရပ်စဲနိုင်သေးတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ မှာ ပြောင်းလဲဆောင်ရွက်သင့်တာတွေကို ဦးကိုကိုကြီးက ထောက်ပြခဲ့ပါတယ်။
နိုင်ငံတည်ဆောက်ရေးကို စစ်ပွဲတွေနဲ့ တည်ဆောက်လို့မရဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီး ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဒေသခံတွေရဲ့ စိတ်ဒဏ်ရာတွေပြေပျောက်ဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖဲ့ွအစည်းက ဦးကိုကိုကြီးက ပြောပါတယ်။
ဦးကိုကိုကြီး။ ။ကျနော်တို့ တိုင်ရင်းသားကလေးတွေရဲ့ ရင်ထဲကအနာဟာ မျိုးဆက်နဲ့ချီပြီးတော့ ပြုသွားတဲ့ ဒီစာကြီးပါ၊ အဲ့ဒါကြောင့် ကျနော်တို့ လူငယ်တွေရဲ့ စိတ်ဒဏ်ရာတွေ၊ အနာတရတွေ ဖြစ်သွားတာ၊ အထူးသဖြင့် လူ့အဖွဲ့အစည်း တာဝန်ရှိတဲ့သူတွေက လေးလေးနက်နက် သင်ခန်းစာယူဖို့၊ နားလည်ဖို့၊ သဘောပေါက်ဖို့ လိုမယ်လို့မြင် တယ်၊ အဲ့ဒီအတွက်ကိုလည်း ကျနော်တို့ စာပေပညာရှင်များက စာပေနဲ့နိုင်ငံတော်ကို တည်ဆောက်တာ၊ ကလောင်နဲ့ တည်ဆောက်တာဟာ ဓါးသွားနဲ့တည်ဆောက်တာထက် အမျာကြီးအကျိုးရှိပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့လူ့အဖွဲ့ အစည်းကို ဘယ်လိုတည်ဆောက်ကြမလဲ၊ စစ်ပွဲနဲ့တည်ဆောက်တဲ့ကိစ္စကိုပဲ ကျနော့်အနေနဲ့ပြောပြီးပါပြီ လုံးဝအယုံ အကြည်မရှိပါဘူး။
"စာပေနဲ့ နိုင်ငံရေး" ဆွေးနွေးပွဲမှာ သင့်ဘဝ ဦးတင်မောင်သန်း ၊ ဦးကိုကိုကြီး ၊ မောင်ခိုင်အောင် ( စစ်တွေ ) တို့က ပါဝင်ဆွေးနွေးခဲ့ပါတယ်။
နှစ်အတော်ကြာပိတ်ပင်ခံခဲ့ရတဲ့ နိုင်ငံရေးစာပေတွေကို ပြန်လည်ဖော်ပြခွင့်တွေရှိနေပေမယ့် လက်ရှိနိုင်ငံရေးအခြေ အနေအရ နိုင်ငံရေးစာပေ ရေးသားဖော်ပြမှု အားနည်းနေသေးတယ်လို့ ပါဝင်ဆွေးနွေးသူတွေက ထောက်ပြကြပါတယ်။ လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ်နောက်ပိုင်းမှာ ဖော်ပြခဲ့တဲ့ နိုင်ငံရေးစာပေတွေရဲ့ လွှမ်းမိုးမှုကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သက်ရောက်မှုတွေရှိခဲ့တဲ့အကြောင်းလည်း ဟောပြောကြပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ စာပေလောကမှာ နိုင်ငံတကာက နိုင်ငံရေးအကြောင်းတွေကို ပြန်လည်ရေးသားနိုင်သူ နည်းပါးနေသေးပြီး နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို လမ်းညွှန်ပေးနိုင်မယ့် စာပေတွေကို ရေးသားနိုင်ဖို့ လိုအပ်နေသေးတယ်လို့ သင့်ဘဝမဂ္ဂဇင်းထူထောင်သူ ဦးတင်မောင်သန်းက ပြောပါတယ်။
ဦးတင်မောင်သန်း။ ။နိုင်ငံရေးမဟာဗျူဟာတွေကို စဉ်းစားတဲ့အခါမှာ အကယ်ဒမစ်စာပေတွေဟာ အရေးကြီးပါတယ်၊ ဥပမာအားဖြင့် ၄၃၆ ကိုပြောတဲ့အခါမှာပဲဖြစ်ဖြစ် ကျနော်တို့ စစ်တပ်ဆုတ်ခွာသွားရေး၊ နိုင်ငံရေး ဆုတ်ခွာသွားရေး ပြောတဲ့အခါမှာပဲဖြစ်ဖြစ် အရပ်ဘက်စစ်တပ် ဆုတ်ခွာသွားရေးစာအုပ်မျိုးက မဖတ်မနေရဖတ်ရတဲ့ စာအုပ်မျိုး ဖြစ်လာပါလိမ့်မယ်၊ ဒါကြောင့်မို့ ဒါနောက်ဆုံး ကျနော်တို့ စာပေနဲ့နိုင်ငံရေးမှာ အရွေ့မှာ နောက်ဆုံးအကယ် ဒမစ် စာပေတွေ ဖြစ်ပေါ်လာခြင်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ စိန်ခေါ်ချက်ကတော့ ဖတ်တဲ့သူအနေနဲ့ကလည်း ပညာရှင်တွေပြောတာကို နားထောင်ဖို့လိုပါတယ်။
အဲဒီဆွေးနွေးပွဲအပြီးမှာတော့ "သတင်းမီဒီယာနဲ့ လွတ်လပ်ခွင့်" ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေး နဲ့ ဦးကျော်မင်းဆွေတို့က ဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိသတင်းမီဒီယာတွေမှာ လွတ်လပ်စွာဖော်ပြခွင့်ကို အစိုးရက ဥပဒေတွေ နဲ့ ချုပ်ကိုင်ထားဆဲဖြစ်ကြောင်းနဲ့ သတင်းမီဒီယာတွေကိုယ်တိုင်လိုက်နာရမယ့် သတင်းကျင့်ဝတ်တွေနဲ့ သတင်းမီဒီယာသမားတွေရဲ့ အရည် အချင်းတွေ မြှင့်တင်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
နိုဘယ်မြန်မာစာပေပွဲတော် ဒုတိယနေ့မှာ မြန်မာစာပေဖံ့ွဖြိုးဖု့ိအတွက် လက်၇ှိစာပေပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်သလို အရည်အချင်းပြည့်မီတဲ့ စာပေကောင်းတွေထွက်ရှိလာဖို့ မျိုးဆက်သစ်စာပေပညာရှင်တွေ ပေါ်ထွန်းဖို့၊ စာကြည့်တိုက်ပညာဖံ့ွဖြိုးဖို့ စတာတွေကိုလည်း အသီးသီးဆွေးနွေးကြပါတယ်။
ဒါ့အပြင် စာအုပ်တိုက်တွေရဲ့ စာအုပ်ဈေးရောင်းပွဲတော် ၊ စာပေပညာရှင်တွေကိုယ်တိုင်ပါဝင်ကပြတဲ့ ပြဇာတ်အစီ အစဉ်တွေလည်း ထည့်သွင်း ကျင်းပခဲ့ပါတယ်ရှင်။