ရိုက်တာသတင်းထောက်အမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မှတ်ချက်


2018.09.13

ရိုက်တာသတင်းထောက်နှစ်ယောက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတာဟာ သတင်းထောက်တွေဖြစ်လို့ ထောင်ဒဏ် အပြစ်ပေးတာမျိုး မဟုတ်ဘဲ နိုင်ငံတော် အစိုးရလျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရတာ ဖြစ်တယ်လို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒီနေ့ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အပေါ် ရိုက်တာ သတင်းထောက်နှစ်ယောက်ရဲ့ မိသားစုဝင်တွေ၊ သတင်းမီဒီယာသမားတွေနဲ့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေဖြစ်သူတို့ရဲ့ သုံးသပ်ချက်အမြင်တွေကို RFA သတင်းထောက် မသက်စုအောင်က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။