အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်အခြေစိုက် RFA လွတ်လပ်တဲ့အာရှအသံရဲ့ ပထမဆုံး မြန်မာပြည်တွင်း သတင်းထောက် ကိုမိုးသူအောင်ဟာ အခုလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သတင်းထောက် ကိုမိုးသူအောင်ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်မှုခဲ့တွေကို အမှတ်တရ အထူးအစီအစဉ်အဖြစ် RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။