0:00 / 0:00
ရခိုင်ပြည်နယ်ထဲက လတ်တလောအရေးအခင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ခွာသူမွတ်စလင်တွေကို ကုလသမဂ္ဂနဲ့ ကမ္ဘာ့မီဒီယာတွေက ရိုဟင်ဂျာတွေအဖြစ် ခေါ်ဝေါ်သုံးစွဲကြပါတယ်။ အဲဒီလိုတွေသုံးစွဲကြပေမယ့် ဘာကြောင့် ရိုဟင်ဂျာလို့ ခေါ်တာလဲဆိုတာ နားမလည်ဘဲ သူတို့ကိုယ်သူတို့ မွတ်စလင်အဖြစ်သာ ခံယူသူတွေလည်း ရခိုင်ပြည်နယ်ထဲမှာ အများအပြားရှိနေပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။