တိုင်းရင်းသားကလေးငယ် ၇ဝ ကျော်ကို ပညာသင်ပေးနေတဲ့ ဘကကျောင်း
RFA Burmese
2023.09.21
2023.09.21
ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ အမှတ်(၁၂) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ အောင်သိဒ္ဓိ မဟာမြိုင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား အယောက် ၇၀ ကျော်ကို ပညာသင်ကြားပေးနေပါတယ်။
အောင်သိဒ္ဓိ မဟာမြိုင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၁၉၉၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကာ နှစ်ပေါင်း ၃၀ ပြည့်ခဲ့ပါပြီ။
ပညာသင်ကြားနေသူအများစုကတော့ ရှမ်းပြည်နယ်က ရှမ်း၊ ဝ ၊ ပလောင်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ တိုင်းရင်းသားဒေသတွေက ကလေးငယ်တွေဖြစ်ကြပြီး အများစုကတော့ ကိုရင်ဝတ်ပြီး သင်ကြားနေကြပါတယ်။
ဦးစီးပဓာနနာယကဆရာတော်ဖြစ်တဲ့ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တတိက္ခာစာရမဟာထေရ်က ကလေးငယ်တွေရဲ့ ပညာသင်ကြားရေးနဲ့ စားဝတ်နေရေးပါ ကူညီပေးထားပြီး ဆရာ၊ ဆရာမ လေးဦးက ကလေးငယ်တွေကို ပညာသင်ကြားပေးနေပါတယ်။