သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-31
မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်ပြီလို့ အစိုးရ ကျန်းမာရေး အရာရှိတစ်ဦးက ပြောပါတယ်။ တပြိုင်တည်းမှာလည်း လူထုပေါ့ဆရင် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်မားလာနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးပါတယ်။
2020-12-31
တရုတ်နိုင်ငံကထုတ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆွေးနွေးမှုတွေလည်း ဆက်လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။
2020-12-31
အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ် ၊ထိန်းချုပ်ရေး ဗဟိုကော်မတီက ပြည်သူတွေ နေအိမ်မှာပဲနေထိုင်ရေး အချက်တွေပါဝင်တဲ့ အမိန့်ညွန်ကြားချက်တွေကို ၂၀၂၁ ဇန်နဝါရီလကုန်အထိ သက်တမ်းထပ်တိုးလိုက်ပါတယ်။
2020-12-31
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက မဲဝိုင်ဒေသမှာ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ တို့ တိုက်ပွဲဖြစ်ပွားမှုနဲ့ သထုံခရိုင် KNU တပ်မဟာ ၁ ဘက်က BGF က စစ်အင်အား လာရောက်ဖြည့်တင်းလာတဲ့အတွက် စစ်ရေးတင်းမာနေကြပါတယ်။
2020-12-31
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေရပ်ထားခဲ့ပေမယ့် ဒီဇင်ဘာ ၃၁ ရက်ရောက်တဲ့အထိ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ မလုပ်နိုင်တာဟာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရဘက်က ကျင်းပလိုစိတ် မရှိတာကြောင့် ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခက ပြောလိုက်ပါတယ်။
2020-12-31
ထိုင်းနိုင်ငံမှာ တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ဆိုပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးရှိနေတဲ့ ဆမွတ်စခွန်ခရိုင်နဲ့ မဲဆောက်မြို့ပါဝင်တဲ့ တက်ချ်ခရိုင်တွေကို ထိုင်းအစိုးရက အသွားအလာကန့်သတ်ထားပါတယ်။
2020-12-31
ယနေ့နိုင်ငံရေး အစီအစဥ်မှာ “အစိုးရ သက်တမ်း ငါးနှစ်အပေါ် သုံးသပ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အပိုင်းလိုက်ခွဲပြီး တင်ဆက်ပေးနေပါတယ်။
2020-12-31
ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး တို့က ဖုန်းနဲ့ဆက်သွယ်ပြောလာတာ ၊ စာနဲ့ ရေးသားပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-12-30
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသားပါတီတွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၉ နာရီ တွေ့ဆုံမယ်လို့ သိရပါတယ်။
2020-12-30
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပွားနေပြီလို့ တရားဝင်ကြေညာတာ ဒီနေ့ တစ်နှစ် ပြည့်မြောက်သွားပါပြီ၊ ဒီနှစ် ဇန်နဝါရီ ၁၁ ရက်မှာ တရုတ်နိုင်ငံသား တစ်ယောက် ပထမဆုံးသေဆုံးရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က covid-19 လို့ နာမည်ပေးခဲ့ပြီး မတ်လမှာ ကပ်ရောဂါအဖြစ် ကြေညာပါတယ်။
2020-12-30
ထိုင်းနိုင်ငံအလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အပါအဝင် လာအို၊ ကမ္ဘောဒီယား နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေကို ၂ နှစ်သက်တမ်းရှိတဲ့ ယာယီနေထိုင်ခွင့် ပန်းရောင်ကတ် လုပ်ပေးတော့မယ်လို့ ထိုင်း အစိုးရက ကြေညာလိုက်ပါတယ်။
2020-12-30
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း တစ်ကျော့ပြန်ဖြစ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တို့ကြား တိုက်ပွဲတွေကို လက်ရှိအာဏာရ NLD အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ ကရင်လူငယ်ကွန်ရက် (Karen Youth Network) က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2020-12-30
တပ်မတော်က စွပ်စွဲပြောဆိုနေတဲ့ မဲသမာမှုဖြစ်စဉ်တွေဟာ နိုဝင်ဘာလ ၈ ရက်နေ့က မဲပေးတဲ့ နောက်ဆုံးမဲစာရင်းတွေကို အခြေခံ စိစစ်ထားတာ မဟုတ်ဘဲ အစောပိုင်းက ထုတ်ပြန်ထားတဲ့ စာရင်းတွေကို အခြေခံထားတာလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2020-12-30
၂၀၂၀ ပြည့်နှစ်ဟာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်ခဲ့တဲ့ နှစ်တစ်နှစ်ပါ။ တကမ္ဘာလုံးနည်းတူ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ကို အလူးအလဲခံရင်း ဒီမိုကရေစီစနစ်မှာ အဓိကကျတဲ့ ရွေးကောက်ပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့ရတာဖြစ်ပါတယ်။
2020-12-30
ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်သေးတဲ့အတွက် ဒီဇင်ဘာလ နောက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်မလားဆိုပြီး ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် တပ်မတော်ဘက်က စစ်အင်အား ပြင်ဆင်ဖြည့်တင်းမှု မရှိဘဲ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေမရှိအောင် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။