သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-31
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေနဲ့ ပဋိပက္ခတွေကို ရပ်တန့်သွားမှာမဟုတ်ဘဲ သေကြေ သတ်ဖြတ်မှုတွေ ပိုများလာမှာဖြစ်တာကြောင့် နိုင်ငံတကာအနေနဲ့ ထောက်ခံပူးပေါင်းတာ မလုပ်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ကျရောက်တဲ့ နှစ်သစ်ကူးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
2024-12-31
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးနေ့မှာ မန္တလေး၊ ရခိုင်နဲ့ ကယားပြည်နယ် (ကရင်နီပြည်) မှာ လေကြောင်း တိုက်ခိုက်ခံရပြီး အရပ်သား ကိုးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြောပါတယ်။
2024-12-31
လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေဖို့နဲ့ သူတစ်ပါးလက်အောက်ခံ မဖြစ်စေဖို့အတွက် သွေးစည်းညီညွတ်ဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
2024-12-31
၂၀၂၄ နှစ်အတွင်းမှာ မြန်မာအမျိုးသမီးတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးကြုံရတယ်လို့ NUG အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ပြောပါတယ်။
2024-12-31
ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဟာ မဖြစ်နိုင်ကြောင်း KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။
2024-12-31
စစ်တပ်က နေရာအနှံ့ လေယာဉ်ကြောင်းက ဗုံးကြဲနေတဲ့အတွက် စစ်ဘေးဒုက္ခသည်ဦးရေ ပိုများလာတယ်လို့ သြစတြေးလျ ကရင်အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးစောလွင်ဦးက ပြောပါတယ်။
2024-12-31
သေဆုံးခဲ့သူတွေထဲက ကိုးဦးက ထောင်အာဏာပိုင်တွေ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထောင်ပြင်ပကို ခေါ်ထုတ်သတ်ဖြတ်ခံခဲ့ရသူတွေဖြစ်ပြီး ကျန် ၂၂ ဦးကတော့ ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် မရလို့ သေဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။
2024-12-31
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁ သန်းကျော် (၅၁,၃၁၆,၇၅၆) ရှိကြောင်း စစ်ကောင်စီရဲ့ ပြည်သူ့အင်အားဦးစီးဌာနက ရှေ့ပြေးလူဦးရေစာရင်းအဖြစ် ထုတ်ပြန်ပါတယ်။
2024-12-31
ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ညအချိန် လူငယ်တွေ ပစ်မှတ်ထားဖမ်းဆီးခံရမှုတွေ ဆက်တိုက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-12-31
၂၀၂၅ ခုနှစ်မှာလည်း စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး မြန်မာ့အရေး ထူးခြားတဲ့ အပြောင်းအလဲဖြစ်လာဖို့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က မျှော်မှန်းထားပါတယ်။
2024-12-31
ကလေးငယ်တွေဟာ အကျဉ်းထောင်တွင်းဖိနှိပ်မှုတွေကို နေ့စဉ်မြင်တွေ့နေရတာကြောင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ PPNM ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
2024-12-31
ဧရာ၀တီတိုင်း မအူပင်နဲ့ ဝါးခယ်မမြို့တွေမှာ ဒီရက်ပိုင်း လူငယ်ဆယ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြောပါတယ်။
2024-12-31
၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၁၇၈၃ ဦးဟာ မူလထားရှိရာ အကျဥ်းထောင်တွေကနေ သူတို့ရဲ့ နေရပ်နဲ့ ဝေးလံတဲ့ အကျဥ်းထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ PPNM က ထုတ်ပြန်ပါတယ်။
2024-12-30
နယ်စပ်ရေးရာအတွက် စစ်ကောင်စီနဲ့ AA နှစ်ဖက်လုံးနဲ့ထိတွေ့ဆက်ဆံနေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးအကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး ဂျာဟန်ဂျီ အာလမ် ချောဒရီ (Jahangir Alam Chowdhury ) ကပြောကြောင်း India TodayNE က ဒီနေ့ဖော်ပြပါတယ်။
2024-12-30
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက နိုင်ငံရဲ့ အနောက်မြောက်ဘက် ဧရိယာတွေကို စိုးမိုးထိန်းချုပ်ပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေဟာ ထိရောက်တဲ့စစ်ရေးတာဝန်ကို ကွပ်ကဲနိုင်တာလို့ NUG ယာယီသမ္မတက ပြောပါတယ်။