လူထုရဲ့နှလုံးသားကို စစ်ကောင်စီရယူနိုင်ခြင်းမရှိဟု ဒေါ်မီမီဝင်းဘတ် ပြောကြား
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2024.02.26
2024.02.26
အာဏာသိမ်းမြန်မာစစ်ကောင်စီဟာ နည်းဗျူဟာအရရော မဟာဗျူဟာအရပါ အမှားအယွင်းတွေကို ဆက်တိုက်ကျူးလွန်နေပြီး လူထုထောက်ခံမှုကို ရယူနိုင်စွမ်းမရှိဘူးလို့ အမေရိကန်စစ်တပ်မှာ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဒု ဗိုလ်မှူးကြီးဟောင်း မီမီဝင်းဘတ်က ဝေဖန်လိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ အာဏာရှင်စနစ်ဖျက်သိမ်းရေး ပါဝင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို ပြစ်တင်ဝေဖန်နေမဲ့အစား မြန်မာပြည်ဒီမိုကရေစီရရှိရေး လိုလားသူတိုင်း တတ်နိုင်သမျှ ပါဝင်ကူညီရမဲ့အချိန်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒေါ်မီမီဝင်းဘတ်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။