ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာပျောက်ကင်းသွားတဲ့ လူနာနံပါတ် ၃ ဟာ ရန်ကုန်၊ ဝေဘာဂီဆေးရုံ ကနေ ပြန်ဆင်းရတော့မှာဖြစ်ပါတယ်။
သူဟာ ခရီးသွားရာဇဝင်ကို လွှဲပြောင်းဖြည့်ခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရသူပါ။
သူကတော့ ခရီးသွားရာဇဝင်ကို အမှန်တိုင်းဖြည့်ခဲ့ပေမယ့် သူ့ကို နားလည်မှုလွဲခဲ့ကြတာဖြစ်တယ်လို့ ပြန်ဖြေရှင်းထားပါတယ်။
RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။