အန္တရာယ်သိလျက်နဲ့ ကိုဂျင်မီ ရန်ကုန်မှာနေခဲ့တယ်လို့ မနီလာသိန်း ပြောကြား

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.07.22

၈၈ ငြိမ်းပွင့်အဖွဲ့ကခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီ အပါအဝင်တော်လှန်ရေးသမားလေးဦးကို စစ်ကောင်စီက အင်းစိန်ထောင်မှာ ကြိုးပေးကွပ်မျက်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ ကိုဂျင်မီရဲ့ ဇနီး မနီလာသိန်းက ကိုဂျင်မီဟာ ရန်ကုန်မှာနေရင် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာခန့်မှန်းမိပေမယ့် စစ်ကောင်စီရဲ့ ရက်စက် ချေမှုန်းမှုတွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်နေတဲ့ လူငယ်တွေနဲ့ဆက်လက်နေထိုင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။ ဒါ့အပြင် ပူဆွေးနာကျင်မှုတွေကို ခွန်အားအဖြစ်ပြောင်းပြီး လက်ရှိ တော်လှန်ရေးမှာ သူတတ်စွမ်းသမျှ ပါဝင်ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။ မနီလာသိန်း ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။