လာနီညာဖြစ်စဉ်ကြောင့် ဆောင်းသီးနှံတွေကို ဂရုစိုက်ဖို့ မိုးဇလ သတိပေး

2020-12-14
Share

အေးပြီးစိုစွတ်တဲ့ လာနီညာဖြစ်စဉ်မှာ အချိန်အခါမဟုတ် မိုးရွာတတ်လို့ ရိတ်သိမ်းထားတဲ့ ဆောင်းသီးနှံတွေ မပျက်စီးအောင် မိုးလေဝသသတင်းတွေကို နားထောင်ပြီး သတိထားပြင်ဆင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

စက်တင်ဘာလက စတင်ခဲ့တဲ့ လာနီညာဖြစ်စဉ်ဟာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလမှာ အားအပြင်းဆုံးဖြစ်ပြီး မေလကုန်ပိုင်းလောက်အထိ သက်ရောက်မှုရှိနိုင်တယ်လို့ ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့