0:00 / 0:00
မျက်နှာဖုံးတွေစွပ်ပြီး ဆန္ဒပြတာဟာ တစ်ဦးချင်းနာမည်ကြီးတာမျိုးကို မလိုလားတဲ့အတွက်ဖြစ်သလို၊ အစိုးရကို မယုံကြည်တဲ့အတွက်လဲဖြစ်တယ်လို့ မနေ့က ရန်ကုန်မြို့ မြေနီကုန်းမှာ Anonymous Burma အမည်မသိ မျက်နှာဖုံးစွပ်လူငယ်များဆိုပြီး ဆန္ဒပြသွားတဲ့သူတွေက ပြောပါတယ်။
အဲဒီအဖွဲ့ထဲက အမည်မဖေါ်လိုသူတစ်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။