ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ဘယ်ပါတီက ဖြစ်သင့်သလဲ၊ ဦးမောင်မောင်အုန်းနဲ့ မေးမြန်းချက်

0:00 / 0:00

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီး ဖွံဖြိုးတိုးတက်ဖို့အတွက် ရွေးကောက်ပွဲမှာ အများစုအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ရခိုင်အမျိူးသားပါတီ(ANP) တို့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာခင်ပေါ်ပေါက်လာတော့မယ့် အစိုးရအဖွဲ့သစ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်အတွက် အမ်းမြို့နယ် ကိုယ်စားပြု ရွေးချယ်ခံထားရသူ ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကို RFA က မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာပါ။ ဦးမောင်မောင်အုန်းကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။