ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံတိုက်ပွဲ


2018.08.16

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာ ပတ်ဝန်းကျင်မှာ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း SSPP/SSA ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS တပ်ဖွဲ့တို့ကြား သြဂုတ်လ ၁၅ ရက်နေ့ မနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်က ပန်လုံကျေးရွာကို ဝင်ရောက် အခြေချလိုက်တာကြောင့် TNLA နဲ့ SSPP/SSA ပူးပေါင်းအဖွဲ့ဟာ ပန်လုံကျေးရွာကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။

ပန်လုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။