UNFC ပြောခွင့်ရသူ ဦးနိုင်ဟံသာကို ဆက်သွယ်မေးမြန်းချက်

0:00 / 0:00

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ညီလာခံမှာ အဖွဲ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီကနေ့ ဆက်လက်ဆွေးနွေးကြရာ KNU ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်တွေက အမြင်သဘောထား မတိုက်ဆိုင်တဲ့အတွက် UNFC အဖွဲ့ အစည်းအဝေးကနေ ထွက်သွားတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး UNFC အဖွဲ့ပြောခွင့်ရသူ ဦးနိုင်ဟံသာကို ဆက်သွယ်မေးမြန်းထားပါတယ်။