ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်တပ်က အာဏာသိမ်းခံရတာ ၅ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒတွေ၊ အသံတွေနဲ့ အနာဂတ်တွေ အလုယက်ခံခဲ့တရတာလည်း ၅ နှစ်ပြည့်သွားပါပြီလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်အဲရစ်ခေါ် ကိုထိန်လင်းက ပြောကြား လိုက်ပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်ပြည့်မှာ ဖြန့်လိုက်တဲ့ ဗီဒီယိုမှာ ကိုထိန်လင်းက မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒအမှန်ဟာ မြန်မာပြည်သူတွေ ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်ဖို့၊ ၊ လူနေမှု အဆင့်အတန်း၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားလုံးအတွက်အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန် လာစေဖို့သာ ဖြစ်ကြောင်း၊ ဒီအတွက် သူ့ဘဝကြီးတခုလုံး ရင်းနှီးမြုပ်နှံခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လောဘ၊ စိတ်ထားသိမ်းသိမ်မှုနဲ့ အဆင်အခြင်နည်းတဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံကို ငရဲထဲ ဆွဲချခံခဲ့ရတာဖြစ်ကြောင်း ပြောပါတယ်။
