ဒီတစ်ပတ်အစီအစဉ်မှာတော့ ထိုင်းနိုင်ငံမှာ တရုတ်လုပ်ငန်းရှင်နဲ့အပေါင်းအပါတွေရဲ့ လူမဆန် တဲ့ ညဉ်းပန်းနှိပ်စက်မှုတွေခံခဲ့ရပြီး အသက်လုထွက်ပြေးလာခဲ့ရတဲ့ မြန်မာစကားပြန်လူငယ် ကိုသားသား နဲ့ စကားပြောထားပါတယ်။
ကိုသားသားဟာ စစ်ဖြစ်နေတဲ့ လားရှိုးမြို့မှာ အလုပ်အကိုင်တွေရှားပါးတာကြောင့် ထိုင်းနိုင်ငံ ကို ရောက်သွားပြီးနောက် တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ လုပ်ငန်းခွင်မှာ တရုတ်-မြန်မာ စကားပြန်အဖြစ်အလုပ်လုပ်ခဲ့တဲ့သူဖြစ်ပါတယ်။
အပြည့်အစုံကို RFA Burmese Facebook နဲ့ YouTube မှာလည်း ကြည့်ရှုနားဆင်နိုင်ပါတယ်။
