စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်းပြောနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါပြီ။
ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးကာလအတွင်း လူသိများခဲ့တဲ့ “ဒို့အရေး“ နဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း ကမ္ဘာက သိအောင် လှုံ့ဆော်ထားတဲ့ “Save Us From Hell “ သီချင်းတွေကို ရေးစပ်သီဆိုခဲ့တဲ့ လူငယ်အဆိုတော် ဂျွန်ဒဲရက် နဲ့ စကားပြောထားပါတယ်။
ဂျွန်ဒဲရက်ဟာ စစ်တပ်အာဏာသိမ်းတဲ့အချိန်က ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့သလို ခုချိန်အထိလည်း အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်နေဆဲဖြစ်ပါတယ်။
ဒီအစီအစဉ်ကို RFA ရဲ့ Facebook, YouTube တွေကနေလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။
