CDM လုပ်တဲ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်း ၄၅ ယောက် အလုပ်ဖြုတ်ခံရ

2021.06.11
CDM လုပ်တဲ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်း ၄၅ ယောက် အလုပ်ဖြုတ်ခံရ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းပေါ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်ကို တွေ့ရစဉ်
-

ရန်ကုန်တိုင်းအတွင်း CDM လုပ်နေတဲ့ “စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာန” မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဝန်ထမ်း ၄၅ ယောက်ကို ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ လတ်မှတ်ထိုးပြီး၊ အလုပ် ဖြုတ်လိုက်ကြောင်း အလုပ်ရပ်နားခံရတဲ့ ဝန်ထမ်းတွေက RFA ကို ပြောပါတယ်။

အဲဒီလို အလုပ်ဖြုတ်ဖို့အတွက် ရာထူးကနေ ထုတ်ပယ်ခြင်းနဲ့ ၀န်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခြင်းဆိုတဲ့ အမိန့်စာ နှစ်စောင်ကို ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့တယ်လို့ အလုပ် ဖြုတ်ခံရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

ဒုတိယထုတ်ပြန်တဲ့ အမိန့်စာဟာ ၀န်ထမ်းရေးရာ အပြစ်ပေးခြင်းမှာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

အခြား ဘယ်ဌာနမှာမှ အခုလို အမိန့်စာနှစ်ဆင့် ထုတ်ပြန်ပြီး၊ ဝန်ထမ်းတွေကို အလုပ်ထုတ်တာမျိုး မရှိဘူး လို့လည်း ထုတ်ပယ်ခံရတဲ့ အခြားဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

RFAက ရရှိထားတဲ့ အမိန့်စာတွေမှာ “အခုချမှတ်တဲ့ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိရင် ခြောက်လ အတွင်း အယူခံဝင်နိုင်တယ်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။