၈၈ကျောင်းသားခေါင်းဆောင်နှစ်ဦး ဥရောပသုံးနိုင်ငံ ခရီးထွက်မည်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ ၂ ဦးဟာ လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကနေ ၂၂ရက်နေ့ထိ ဥရောပ ၃ နိုင်ငံကို ခရီးထွက်မယ်လို့ သိရပါတယ်။
2013-02-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

သူတို့ဟာ နော်ဝေ၊ဒိန်းမတ်နဲ့  ပြင်သစ်နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီးမှာ ကိုမင်းကိုနိုင် ဟာ နော်ဝေးနိုင်ငံမှာသူ့ကို ၂၀၀၁ ခုနှစ်က ချီးမြှင့်ထားတဲ့ ကျောင်းသားငြိမ်းချမ်းရေးဆု ကို လက်ခံရယူမှာဖြစ်တယ်လို့ ကိုပြုံးချိုက RFA ကိုပြောပါတယ်။

"အစီအစဉ်က နော်ဝေးရယ်၊ ဒိန်းမတ်ရယ်၊ ပြင်သစ်ရယ်ပါ၊ အစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့တွေ့မှာ ပြီးတော့ အဝေးရောက် မြန်မာတွေနဲ့ တွေ့မှာ"

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နှစ်ဦးဟာ ဒိန်းမတ်နိုင်ငံကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရောက်ရှိမှာဖြစ်ပြီး၊ အဲဒီမှာရှိကြတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

chin students

နေရပ်- chin state

We respect you. You are crony, we prayer for you anytime . One day you have to win .


Feb 10, 2013 03:37 PM

ဆိုက်တခုလုံးသို့