၈၈ မျိုးဆက် ခေါင်းဆောင်များ ဟင်္သာတ သွားမည်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ဟသာၤတမြို့ကို မနက်ဖြန် ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့မှာ သွားရောက်ပြီး မြို့ခံ ဒီမိုကရေစီ လိုလားသူတွေနဲ့ တွေဆုံဖို့ ဖိတ်ကြားထားကြောင်း ဟင်္သာတ မြို့ခံတွေက ပြောကြပါတယ်။

2012.02.19

ကိုမင်းကိုနိုင်နဲ့ အဖွဲ့ကို ၂ဝ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဟင်္သာတမြို့နယ် ခန်းမတစ်ခုဖြစ်တဲ့ ဦးအောင်မြတ်ကျော် ပြည်လုံးချမ်းသာ ခန်းမမှာ တွေ့ဆုံဖို့မြို့ခံတွေကို လှည့်လည် ဖိတ်ကြားထားတယ်လို့ ဟင်္သာတ ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုကျော်စွာက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေကို အခုလို ဖိတ်ကြားပြီး မြို့ခံတွေနဲ့ တွေ့ဆုံဖို့ စီစဉ်တာ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ကိုကျော်စွာက ပြောပါတယ်။

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ နိုဘယ် အခမဲ့ ပညာရေးကျောင်း ထူထောင်ထားတဲ့ ပရဟိတ ဆရာတော် ဦးဉာဏလင်္ကာရ နဲ့ မနက်ပိုင်းမှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။