တိုင်းရင်းသား အရေး ဖြေရှင်းနိုင်ဖို့ နိုင်ငံရေး အရ ဆွေးနွေးရန်လို

တိုင်းရင်းသားပါတီ ၇ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ UNA ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ သမ္မတအိုဘားမားနဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

2012.11.19
obama_parlimant305 နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသော အမေရိကန်သမ္မတ အိုဘားမားပုံ
Photo: RFA

တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး မရသေးတဲ့ အခြေအနေတွေနဲ့အတူ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ နဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားပါရှိတဲ့ စာတစ်စောင်ကို UNA အဖွဲ့ရဲ့ ကိုယ်စား ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးက သမ္မတ အိုဘားမားနဲ့ တွေ့ဆုံစဉ်အတွင်းပေးလိုက်တာ ဖြစ်တယ်လို့ SNLD ပါတီရဲ့ ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

တိုင်းရင်းသားမဟာမိတ်အဖွဲ့က သမ္မတအိုဘားမားထံ ပေးခဲ့တဲ့ စာထဲမှာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာသင့်ကြောင်း အကြံပြုထားတယ်လို့ ဆိုပါတယ်။

UNA ဖက်က တင်ပြတဲ့စာထဲက ပါတဲ့အချက်တွေကို ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ မွန်ဒီမိုကရေစီပါတီ ခေါင်းဆောင် နိုင်ငွေသိန်းကို RFA ဝိုင်းတော်သူ မသင်းသီရိက မေးမြန်းတင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။