ဒါပေမယ့် အဲဒီလို ဖြစ်လာဖို့အတွက် မြန်မာနိုင်ငံမှာ ဘဏ်စနစ်ဝန်ဆောင်မှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေး ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ အခြေစိုက်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က အကြံပြုထားပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၅.၅% ရှိရာက ဒီနှစ် ၂၀၁၂ မှာ ၆% လောက်ရှိမယ်လို့ အေဒီဘီက ခန့်မှန်းထားပါတယ်။ တကယ်လို့သာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအသီးသီးဟာ နိုင်ငံတကာနဲ့ အလျင်အမြန် ချိတ်ဆက်နိုင်မယ်ဆိုရင် ဒီနှစ်စီးပွားရေး တိုးတက်မှုနှုန်းဟာ အေဒီဘီ ခန့်မှန်းတာထက် ပိုများနိုင်တယ်လို့ ဆိုထားပါတယ်။