ရန်ကုန်မှာ လေထုညစ်ညမ်းမှုများလို့ နှာခေါင်းစည်းတပ်ကြဖို့ အကြံပြု

RFA Burmese
2025.02.03
ရန်ကုန်မှာ လေထုညစ်ညမ်းမှုများလို့ နှာခေါင်းစည်းတပ်ကြဖို့ အကြံပြု ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်တစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့ညတွင် တွေ့ရစဉ်။
Photo: RFA

ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာရေးအဖွဲ့အစည်း (IQAir) ရဲ့ တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့ စာရင်းမှာ အဆင့် (၂) ရောက်ရှိနေပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက် ၈ နာရီခွဲက ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးတိုင်းတာချက်အရ (AQI) ညွှန်းကိန်း ၂၂၆ ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင်း အဆိုးဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အမှိုက်မီးရှို့တာတွေ၊ စိုက်ပျိုးရေးအတွက် မီးရှို့ရိတ်သိမ်းတာတွေနဲ့ မီးစက်အသုံးများတာ အပါအဝင် မော်တော်ယာဉ် အသုံးပြုတာများတာကြောင့် လေထုညစ်ညမ်းမှု ပိုဆိုးလာတာလို့ ဆိုပါတယ်။ ဒါကြောင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရောဂါအခံရှိသူတွေအနေနဲ့ အပြင်ကို လုံးဝမထွက်သင့်ဘဲ အပြင်ထွက်မယ်ဆိုရင်လည်း နှာခေါင်းစည်းတပ်ကြဖို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု ပိုဆိုးရွားလာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။