ခိုင်မျိုးထွန်း လွတ်မြောက်ရေး ALP နဲ့ နယ်စပ်ဝန်ကြီး ဆွေးနွေး

2016-07-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်း ကို ပြန်လွှတ်ပေးဖို့  ဇူလိုင်လ ၂၉ ရက်နေ့က အစိုးရနဲ့  ALP ပါတီ တွေ့ဆုံဆွေးနွေး တောင်းဆိုစဉ်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်း ကို ပြန်လွှတ်ပေးဖို့ ဇူလိုင်လ ၂၉ ရက်နေ့က အစိုးရနဲ့ ALP ပါတီ တွေ့ဆုံဆွေးနွေး တောင်းဆိုစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အစိုးရက ဖမ်းဆီးထားတဲ့အပေါ် မှာ ပြန်လွှတ်ပေးဖို့ ALP ပါတီက ဒီနေ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီး တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ညနေပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲ့ တွေ့ဆုံပြီး တောင်းဆိုခဲ့တာလို့ ALP ပါတီက ဗိုလ်ကြီး ခိုင်နေလင်း က ပြောပါတယ်။

"ကျနော်တို့က ဗဟိုကနေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့ဖြစ်တယ်၊ လက်ရှိ ခိုင်မျိုးထွန်းကို ဖမ်းဆီး အရေးယူထားမှုအပေါ်မှာ ပြန်လည်လွှတ်မြောက်အောင် ဆွေးနွေးပြီးတော့၊ ညှိနှိုင်းပြီးတော့ အဖြေရှာဖို့ အဲ့ဒါ ကျနော်တို့ လာရောက်ရတဲ့ တာဝန်အပိုင်းဖြစ်တယ်၊ အဲ့ဒီတော့ ကျနော်တို့ ဗိုလ်မှူးကြီး ထိန်လင်း နဲ့ တွေ့ဆုံတဲ့အခါမှာလည်း အဲ့ဒီအပိုင်းကိုပဲ အဓိကရှေ့တန်းတင်ပြီးတော့ ဆွေးနွေးဖြစ်ခဲ့ကြတာပါ"

ALP ပါတီ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်း ကို ဖမ်းဆီးတရားစွဲဆိုတဲ့ကိစ္စအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ပါတီက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ပါ အသုံးအနှုန်းတွေဟာ ပြင်းထန်လွန်း တာကြောင့် ကြေညာချက်ကို ပြန်လည်ပြင်ဆင်ထုတ်ပြန်ပေးဖို့ ဗိုလ်မှူးကြီး ထိန်လင်း ကပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ALP ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်း လွတ်မြောက်ရေးအတွက် ပါတီနဲ့ အစိုးရအကြား ဒီနေ့ တွေ့ဆုံဆွေးနွေးမှုဟာ တစ်စုံတရာ သဘောတူညီမှု မရခဲ့တာကြောင့် ထပ်မံတွေ့ဆုံမှုတွေ ပြုလုပ်သွားမယ်လို့ လည်း ALP ပါတီက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ အကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ALP ပါတီက ပြီးခဲ့တဲ့ ဧပြီလအတွင်းကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က အစိုးရက ဖမ်းဆီးတရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ကွန်မင့်များ (3)
Share

အခုလည်းအဲလို ဖြစ်နေပီ

အောက်ကပြောတာသဘောကျပီး
ကျောင်းတုန်းကကလေးအချင်းချင်း
ပြောတာသွားသတိရမိတယ်

ငါ့အဖေက လူကြီးကွဘာမှတ်နေလဲတဲ့
မေးကြည့်လိုက်တော့ ရပ်ကွက်ထဲက
ဆွမ်းလောင်းအသင်းက ကပ္ပိယလူကြီး
ဖြစ်နေတယ်

အခုလည်းအဲလိုဖြစ်နေပီ

Aug 02, 2016 05:42 AM

နုမြဇံ

ဗဟိုကပဲလွှတ်၂
တာဝတံသာကပဲလွှတ်၂
စည်းကမ်းနည်းလမ်းတကျ Law အတိုင်းသွားပါ





Aug 01, 2016 08:31 PM

မည်သူမျှ ဥပဒေ၏အထက်တွင် ကင်းလွတ်ခွင့်မရပါဖူး။

တပ်မတော်သည် နိုင်ငံတော်အစိုးရ၏အုပ်ချုပ်မူအောက်တွင်ရှိပီး
တပ်မတော်အားဂုဏ်ပုံရိပ်ထိခိုက်အောင်လုပ်ခြင်းသည် နိုင်ငံတော်ကိုထိခိုက်အောင်လုပ်တာနှင့်အတူတူပါပဲ..
နိုင်ငံတော်ကိုအကြည့်ညိုပျက်စေမူပုံရိပ်ညိုနွမ်းအောင်လုပ်မူများဖြင့်
ရှေ့ တွင် တရားစွဲဆိုကာအပြစ်ပေးခံရသည့် လူများ သတင်းသမားများ သတင်းစာစောင်ဂျာနယ်များစွာရှိပါသည်။
ALP အနေဖြင့် ငါတို့ ကငြိမ်ချမ်းရေးလက်မှတ်ထိုးထားသည့်အတွက်အခွင့်ထူး ခံတရပ်ဖြစ်သည်။ နိုင်ငံတော်၏တည်ဆဲဥပဒေများကိုလေးစား
လိုက်နာစရာမလိုဖူး။ငါတို့ ပြောခြင်ရာ ငါတို့ ရေးခြင်ရာရေး
ကြေငြာချက်ထုတ်မည်လုပ်လို့ မရပါဖူး။
ဒါကြောင့်ဥပဒေကြောင်းအရအရေးယူခြင်းသည် ယုံကြည့်မူထိ
ခိုက်ခြင်းမထိခိုက်ခြင်းနှင့်မသက်ဆိုင်ပါဖူး။တနည်းအားဖြင့်
ငြိမ်းချမ်းရေးလက်မှတ်ထိုးသည်ဖြစ်စေ(သို့ မဟုတ်)မထိုးသည်
ဖြစ်စေ နိုင်ငံသားမှန်လျှင်နိုင်ငံတော်မှချမှတ်ထားသည့်
တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းများကိုလေးစားလိုက်နာရပါသည်
ယင်းသည်သာလျှင် ယဉ်ကျေးသည့်လူအဖွဲ့ စည်းရှိလူများပြုမူ
သည့်ကျင့်ဝတ်တစ်ခုဖြစ်ပါသည်။မည်သူမျှ ဥပဒေ၏အထက်တွင်
ကင်းလွတ်ခွင့်မရပါဖူး။

Aug 01, 2016 12:18 AM

ဆိုက်တခုလုံးသို့