မတ်လ ၁၂ ရက်နေ့ညသန်းခေါင်ကျော်မှာ ဖမ်းဆီးခံ လိုက်ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုသီဟ ဝင်းတင်၊ ကိုမိုးထက်နေ နဲ့မဟန်နီဦးတို့ ၃ ဦးကို ရဲတပ်ဖွဲ့တွေက မနေ့နေ့လည်မှာ သာယာဝတီထောင်ကို ပို့လိုက်ပါတယ်။
သူတို့ဟာ လက်ပံတန်း ကပင်မကျောင်းသားသပိတ် နဲ့ဆက်နွယ်နေတဲ့အတွက် ပဲခူးတိုင်းရဲတပ်ဖွဲ့ကိုလွှဲပေး လိုက်တာဖြစ်တယ်လို့ အလုံမြို့နယ်ရဲစခန်းမှူး ဦးထွန်းရွှေ ကပြောပါတယ်။
"လိုအပ်ချက်အရ ပဲခူးတိုင်းရဲတပ်ဖွဲ့ကို လွှဲပေးလိုက်ပါ တယ်၊ လွှတ်ပေးတဲ့ ၂ ယောက် ကျတော့ မလိုအပ် လို့ပါ၊ ဒီ ၃ ဦးကျတော့ လက်ပံတန်းကိစ္စနဲ့ စစ်ဆေး စရာ ရှိလို့ဆိုပြီး လွှဲပေးလိုက်ပါတယ်၊ ခံဝန်ချက်ဆို တာက ကျနော်တို့ဧည့်စာရင်းဝင်စစ်တယ်၊ စစ်ပြီးတဲ့ အချိန်မှာ သူတို့အိမ်ပေါ်က အဖိုးတန်ပစ္စည်း မပျောက်ဘူးဆိုတဲ့ အကြောင်းတွေ အဲ့ကိစ္စပါပဲ၊ ခံဝန်ချက်ဆို တာ ဘာမှတော့မဟုတ်ပါဘူး"
အဲ့ဒီကျောင်းသားတွေနဲ့ အတူဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးခရိုင်က ကိုဇန်ဇန်၊ AFP သတင်းထောက် ကိုဖြိုးဟိန်းကျော်နဲ့ အခြားသူတချို့ကိုတော့ မနေ့က ပြန်လွှတ်ပေး လိုက်တယ်လို့သိရပါတယ်။
လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာက လိုက်လံစုံစမ်း ဖမ်းဆီးနေဆဲဖြစ်ပါတယ်။