အာဇာနည်ဆိုတာ ပေါ်ပေါက်လာစမြဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို
2011.07.18
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၁ ခုနှစ် ပုဂံ ဘုရားဖူးခရီးစဉ်အတွင်း ဇွန်လ ၇ ရက်နေ့က ပုဂံမြို့အနီး ရွာတရွာကို ဝင်ရောက်လည်ပတ်စဉ် တွေ့ရပုံ။ ဓါတ်ပုံ - AFP
AFP
မနက်ဖြန်မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အတွက် RFA က သီးသန့် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
"အာဇာနည်ဆိုတာက သူ့စိတ်ဓါတ်ကိုက ထူးကဲတာမို့လို့ ဘယ်လို အခြေအနေမျိုးမှာမဆို အချိန်တန်ရင်တော့ ပေါ်ပေါက်လာကြမှာဘဲ။"
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာ သိမ်းယူခဲ့ပြီး နောက်ပိုင်း ၁၉၉၂ ခုနှစ်က စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ အကြောင်း ရေးသား ဖော်ပြခွင့်ကို အာဏာပိုင်တွေက ပိတ်ပင် ကန့်သတ်ခဲ့ သလို အာဇာနည်နေ့ အခမ်းအနားတွေကို နိုင်ငံတော် အခမ်းအနားအဖြစ် ကနေ တဖြည်းဖြည်း လျှော့ချခဲ့ပါတယ်။
အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်တွေကို ဆက်သွယ် မေးမြန်းပြီး ဦးခင်မောင်စိုး စုစည်းတင်ပြထားတာကို နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









