အရည်အချင်းပြည့် ကိုယ်စားလှယ်ဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဒီကနေ့ နေ့လည်ပိုင်းက NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ သီးသန့် တွေ့ဆုံပွဲမှာ NLD ကိုယ်စားလှယ်တွေအနေနဲ့ အရည်အချင်း ပြည့်ဝပြီး ပြည်သူတွေ အားကိုးရလောက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်အောင် ပြင်ဆင်ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းကြောင်း သိရပါတယ်။

2012.05.23
assk-takayta-office-b305 ၂၀၁၂ ခုနှစ် မေလ ၂၃ ရက်က အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သာကေတမြို့နယ် NLD ပါတီရုံး ဖွင့်ပွဲ၌ မိန့်ခွန်းပြောနေစဉ်။
RFA

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေ (၄) နာရီလောက်မှာ သာကေတမြို့နယ် NLD ပါတီရုံး ဖွင့်ပွဲကို တက်ရောက် ဟောပြောခဲ့ပါတယ်။

ဒီအတွင်း NLD ပါတီတွင်း ရပ်ကွက်၊ ကျေးရွာအဆင့်ကနေ ဗဟိုအဆင့်ထိ ခေါင်းဆောင်ရွေးချယ်ပွဲတွေကို လာမယ့် ဇွန်လလယ်လောက်မှာ စတင်နိုင်ရေး အမြန်လုပ်ဆောင်ဖို့ ဒီကနေ့ကျင်းပတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းဝေးက ဆုံးဖြတ်လိုက်ပါတယ်။

NLD ပါတီညီလာခံ ကျင်းပရေးအတွက် ဗဟိုကနေ ကျေးရွာအထိ ကော်မရှင်အဆင့်ဆင့် အမြန်ဆုံး ဖွဲ့စည်းရေးကို ဒီကနေ့ကစပြီး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ပွဲကိုတော့ လာမယ့် ၂၀၁၃ ခု နှစ်ဆန်းပိုင်းမှာ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေကြောင်းလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။