ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံမြို့က ကြို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ဧရာဝတီတိုင်း ဖျာပုံမြို့ကို ရောက်လာခဲ့ပါတယ်။ မြို့ခံလူထု ထောင်ပေါင်းများစွာက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြပါတယ်။

2012.02.17
assk-phyarpon-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖျာပုံပြည်သူလူထုကို မိန့်ခွန်း ပြောနေစဉ်။
RFA

ဒေါ်အောင်ဆန်းစုကြည်က ဖျာပုံမြို့အဝင် ချောင်းတွင်း ကျေးရွာနားက သဲသောင်ပြင်မှာ ဖျာပုံပြည်သူလူထုကို မိန့်ခွန်း ပြောကြားခဲ့ရာမှာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး တိုးတက်မှုရှိဖို့ လိုအပ်ကြောင်းနဲ့ ပြည်သူတွေရဲ့ဘဝလုံခြုံရေးအတွက် တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ရှိဖို့ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ အကြောက်တရား ကင်းပြီး မှန်ကန်တဲ့ စိတ်ဓာတ်ထားရှိဖို့ လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖျာပုံမြို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ မြို့ခံလူထုကို ပထမ မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် မြို့ပြင်ရှိ ချောင်းတွင်း ကျေးရွာနားက သဲသောင်မှာ ထပ်မံ ပြောကြားခဲ့တာ ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

နေ့လယ် ၃ နာရီကျော်ကျော်မှာ ဖျာပုံမြို့ကနေ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာသွားကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။