ဒေါ်အောင်ဆန်းစုကြည် အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ငြိမ်းချမ်းရေးဆွေးနွေး

NLDပါတီ အထွေထွေအတွင်းရေးမှူးး ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုက်ကယ်မာတင် က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေး ပြောဆိုခဲ့ကြောင်း သိရပါတယ်။

2010-12-31
Share
assk_nld_office_305_z.png မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှ ထွက်ခွာသွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီဇင်ဘာလ ၃ဝ ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ မိနစ်ကျော်ကြာ ဆက်သွယ် စကားပြောခဲ့တာ ဖြစ်တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဗြိတိန် လက်အောက်က မြောက်အိုင်ယာလန် လွတ်မြောက်ရေး ကြိုးပမ်းမှုအကြောင်းတွေ၊ ဗြိတိန်- မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းတွေပြောဆိုကြကြောင်း အိုင်ယာလန်နိုင်ငံခြားရေး ဝန်ကြီးကို ကိုးကားပြီး ဗြိတိန်နိုင်ငံထုတ် The Independent သတင်းစာက ရေးသားပါတယ်။

ဒါ့အပြင် မြန်မာလူမျိုးတွေကို ကမ္ဘာ့အရှေ့ဘက်ခြမ်းကအိုင်းရစ် လူမျိုးတွေလို့ ဗြိတိသျှတွေက တခါတရံ ပြောဆိုတတ်ပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ ပြန်ပြောတဲ့အခါ မိမိအနေနဲ့ နှစ်သက်ရယ်မောမိကြောင်း၊ သူဟာ အိုင်ယာလန်နိုင်ငံကို အထူး နှစ်သက် သဘောကျသူလည်း ဖြစ်ကြောင်း အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတွေ ဖိနှိပ်ချုပ်ချယ် အပြစ်ပေး ခံနေရပုံတွေကိုလည်း သူ့ကို ပြောကြောင်း၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ချွတ်ယွင်းချက်တွေ၊ ဒါ့အပြင် ဂီရိမုန်တိုင်းဒဏ် ကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့ အားနည်းချက်တွေကိုလည်း သူတို့ ၂ ဦး ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူလွတ်မြောက်လာချိန်ကစပြီး ကနေ့အထိ ထောက်ခံ အားပေးတဲ့ နိုင်ငံတွေကို ကျေးဇူး အထူးတင်ကြောင်းနဲ့ အဲဒီအတိုင်း ဆက်လက်ရပ်တည်ကြဖို့ မျှော်လင့် ယုံကြည်နေကြောင်း ပြောဆိုခဲ့တယ်လို့လည်း အိုင်ယာလန်နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့