ကမ်းခြေမှာ အစ်ပွဲတော်ဆင်နွှဲတဲ့ ရိုဟင်ဂျာ ၄၅ဝ ကို ဘင်္ဂလားဒေ့ရှ်ရဲတွေဖမ်းဆီး

2022.05.05
Share on WhatsApp
Share on WhatsApp
ကမ်းခြေမှာ အစ်ပွဲတော်ဆင်နွှဲတဲ့ ရိုဟင်ဂျာ ၄၅ဝ ကို ဘင်္ဂလားဒေ့ရှ်ရဲတွေဖမ်းဆီး ၂ဝ၂၂ ခုနှစ် မေလ ၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့ကမ်းခြေတွင် ဖမ်းဆီးခံထားရသော ရိုဟင်ဂျာများ။
Photo: AFP

မွတ်စလင်တွေရဲ့ အဓိကဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ အစ်ပွဲတော် ဒုတိယမြောက်နေ့ကို ကော့ဇ်ဘဇားမြို့ကမ်းခြေမှာ ဆင်နွှဲခဲ့ကြတဲ့ ရိုဟင်ဂျာ ၄၅ဝ ကို ဗုဒ္ဓဟူးနေ့ညနေမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အစ်ပွဲတော်အပါအဝင် အားလပ်ရက်ကာလမှာ သန်းနဲ့ချီတဲ့ ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြီးဆုံး အပန်းဖြေဒေသလုံခြုံရေးအတွက် အခုလို ဖမ်းဆီးရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေဟာ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်လေ့ရှိပြီး၊ ခရီးသွားတွေအတွက် လုံခြုံမှုမရှိဘူးလို့လည်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Rafiqul Islam က ပြောဆိုထားပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကတော့ သူတို့အနေနဲ့ အစ်ပွဲတော်ဆင်နွှဲဖို့သက်သက်အတွက် လာခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ကို သက်ဆိုင်ရာဒုက္ခသည်စခန်းတွေဆီ ရဲတပ်ဖွဲ့က ပြန်ပို့မှာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် ကိုးသိန်းနှစ်သောင်းလောက် ခိုလှုံနေပြီး၊ သူတို့ကို အပြင်ထွက်သွားလာခွင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပိတ်ပင်ထားတာပါ။

ဒီဒုက္ခသည်အများစုကတော့ လွန်ခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြသူတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့