နိုင်ငံခြားဘဏ်တွေ စက်တင်ဘာလကုန်မှာ လုပ်ကိုင်ခွင့်ရမည်
2014.05.30

Photo: chiangmailocator.com
မြန်မာအစိုးရက နိုင်ငံခြားဘဏ် ၁ဝ ခုကို မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ဖို့အတွက် လာမယ့် စက်တင်ဘာ လကုန်မှာ ခွင့်ပြုချက်လိုင်စင်တွေ ထုတ်ပေးတော့မယ် လို့ သောကြာနေ့နောက်ဆုံးရ ရိုက်တာသတင်းတစ်ပုဒ် မှာ ဖေါ်ပြထားပါတယ်။
အဲဒီ ဘဏ်တွေထဲမှာ ထိုင်းနိုင်ငံက Siam ကုန်သွယ်မှု ဘဏ်၊ စင်္ကာပူက ပင်လယ်ရပ်ခြား တရုပ်အမျိုးသားများ ဘဏ်၊ သြစတေးလျားနဲ့ နယူးဇီလန်ဘဏ် အုပ်စု၊ ကိုးရီးယား ငွေလဲလှယ်ရေးဘဏ်နဲ့ ဂျပန် ဆူမီးတိုးမိုး မစ်စူအီ ဘဏ်အုပ်စုတွေ ပါဝင်ပါတယ်။
မြန်မာအစိုးရအနေနဲ့ အခုလို နိုင်ငံတကာဘဏ်တွေကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် နိုင်ငံတကာပိတ်ဆို့မှုတွေနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက် ချိနဲ့ပြိုလဲနေတဲ့ ပြည်တွင်း ဘဏ်လုပ်ငန်းဖွံဖြိုးရေးကို အထောက်အကူပြုမယ်လို့ မျော်လင့်ထားတယ်လို့ ဆိုပါတယ်။