BGF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး


2019.01.02
bgf-member-622.jpg သေဆုံးသွားတဲ့ BGF တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်
Photo: Wai Phyo Aung

ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်အနီးက နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးယူထားတဲ့ ၉၀၁ ဝင်းထဲမှာ မနေ့ညက ပစ်ခတ်မှုဖြစ်ပြီး BGF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး မောင်မောင်လတ်က RFA ကို ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့သူဟာ အရင်က BGF တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စောပေပေ ဖြစ်ပြီး စကားများရာကနေ ပစ်ခတ်တာဖြစ်ကြောင်းနဲ့ အသေးစိတ်ကို စိစစ်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောပါတယ်။

စောပေပေဟာ BGF တပ်ဖွဲ့ဝင် ၄ ဦးကို ပစ်ခတ်ခဲ့ပြီးနောက် လမ်းပေါ်ကို ထွက်ပြေးကာ ဆိုင်ကယ်စီးလာတဲ့ အရပ်သားတစ်ဦးကို သေနတ်နဲ့ ထပ်မံပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်ကို လုယူထွက်ပြေးသွားကြောင်းလည်း သိရပါတယ်။

သေနတ်ဒဏ်ရာထိမှန်တဲ့ အရပ်သားတစ်ဦးကို မြဝတီမြို့နယ် ပြည်သူ့ဆေးရုံမှာ တင်ပို့ကုသနေပြီး စိုးရိမ်ရတဲ့ အနေအထားဖြစ်ကြောင်း မြဝတီခရိုင် ရဲမှူးကြီး အောင်နိုင်ထွန်း က RFA ကို ပြောပါတယ်။

စောပေပေကို ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ ၁၅ မိုင်အကွာ သင်္ဃန်းညီနောင်မြို့ရဲ့ မြောက်ဘက် အတွင်းကွင်းကလေး ကျေးရွာအနီးမှာ တေ့ွရှိတာကြောင့် ပိတ်ဆို့ဖမ်းဆီးရာမှာ သေနတ်နဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းလည်း ရဲမှူးကြီး အောင်နိုင်ထွန်း က ပြောပါတယ်။

မြဝတီမြို့နဲ့ သင်္ဃန်းညီနောင်နယ်မြေအတွင်းမှာ BGF တပ်ဖွဲ့ အခြေစိုက်တဲ့ ကင်းစခန်း ၁၅ ခုလောက် ရှိနေတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။