နယ်စပ်ကုန်သွယ်ရေး ကျဆင်း

2016-05-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၁၅ ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲကို ကျယ်ဂေါင်မြို့မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကကျင်းပစဉ်
၁၅ ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲကို ကျယ်ဂေါင်မြို့မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကကျင်းပစဉ်
ဓါတ်ပုံ - ရဲထက်

၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမလအတွင်း မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၂၄ သန်းကျော် ကျဆင်းသွားခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ စာရင်းတွေအရ သိရပါတယ်။

မနှစ်က ဧပြီလအတွင်း နယ်စပ်ကုန်သွယ်ရေးပမာဏဟာ ဒေါ်လာ ၁၇၁ သန်းကျော်ရှိခဲ့ပြီး၊ အခုနှစ်ဧပြီလမှာတော့ ၁၄၇ သန်းပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ဆန်၊ သကြား စတဲ့ ကုန်ပစ္စည်းတွေကို တရုတ်ဘက်က ယာယီပိတ်ပင်မှုတချို့ ရှိခဲ့တာကြောင့် အခုလို မြန်မာနိုင်ငံရဲ့ နယ်စပ် ကုန်သွယ်ရေး ထိခိုက်ကျဆင်း သွားခဲ့ရတာလို့ သိရပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေပြီး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသစ် ဦးသန်းမြင့်ကလည်း ပို့ကုန် ၃ဆ တိုးမြင့်သွားမယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့်ရှ်စတဲ့ နိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုကနေ ကုန်သွယ်နေတာ ဖြစ်ပြီး၊ မူဆယ်ဂိတ်စခန်းကတော့ ကုန်သွယ်မှု အများဆုံးဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အခြားနည်းလည်းများအားစဉ်းစားဖို့ လိုပီ

နိုင်ငံတစ်ခုတည်း သို့မဟုတ် နယ်စပ်ရှိနိုင်ငံများသာမှီခိုလုပ်ရသည့်
ကုန်သွယ်မူများကို ပြန်လည်သုံးသတ်ဖို့လိုပါတယ်

အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်မှ ကုန်များအားမဝယ်ခြင်း
ဆိုင်းငံထားခြင်း အောက်ဈေးဖြင့်ပြုလုပ်ခြင်းများ ပြုလုပ်ပါက
မြန်မာနိုင်ငံအနေဖြင့် များစွာနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေနိုင်ပါတယ်...

ရွေးချယ်စရာမရှိပါကလည်း တရားဝင်အစိုးရအချင်းချင်းမှတဆင့် ကုန်သွယ်မူများသာပြုလုပ်သင့်ပါတယ်

ယင်းသို့ပြုလုပ်ခြင်းဖြင့်မြန်မာပြည်သူများ၏အကျိုးစီးပွားကိုကာ
ကွယ်နိုင်မည်ဖြစ်ပါတယ်

တနည်းအားဖြင့်သူဆီကကုန်ဝယ်တော့ ဈေးကြီးပေးဝယ်
ကိုယ်ဆီက ကုန်ပို့တော့ဈေးနှိမ်ဝယ် မိအေး၂ခါနာဘဝမျိုးမရှိ
အောင် ပြုလုပ်ရပါမယ်

ထို့အပြင် အထက်ပါကိတ်စများပေါ်လာပါက ရွေးချယ်တင်ပို့စရာ အခြားနိုင်ငံများကို ယခုတည်းက စတင်ပြုလုပ်ထားသင့်ပါတယ်
ပြုလုပ်ထားပြီးဖြစ်ပါကလည်း ယခုထက်ပိုမိုတင်ပို့နိုင်အောင်
ရေရှည်စီမံချက်များထားကာပြုလုပ်သင့်ပါတယ်

May 04, 2016 12:11 AM

ဆိုက်တခုလုံးသို့